Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


25 Apr,2024

ကြို့ပင်ကောက် ဧပြီ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင်ကျေးရွာစီမံကိန်း  မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်းတို့ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ ရေရှည်ပိုမိုအောင်မြင်စေရန်နှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်ကိုက်ညီမှု အရှိဆုံးကျေးရွာများအား ဆုချီးမြှင့်ပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း တက်ရောက်လာသူများမှလည်း စီမံကိန်းလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များအား ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင်  သတ်မှတ်ချက်ကိုက်ညီမှု အရှိဆုံးဖြစ်သည့် ချောင်းနားကျေးရွာ၊ ထောက်ကြံ့တောကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာနှင့် လက်ပံပင်စုကျေးရွာတို့အား ဆုများအသီးသီးချီးမြှင့်ကြပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များက အုပ်စုများဖွဲ့၍ ဆွေးနွေးအကြံပြုတင်ပြကြရာ မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန် မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm